ထိရောက်သော သင်ကြားရေးစံနစ် ရရှိစေရန် အလယ်တန်း အထက်တန်း စာသင်ခန်းများတွင် ကျောင်းသား /သူ ၃၅ ဦးထက်မပိုသော စာသင်ခန်း၊ မူလတန်းတွင် ၂၅ ဦးထက် မပိုသော စာသင်ခန်းများ ရှိပါသည်။
တက္ကသိုလ်ဝင်တန်းတွင် သင်ကြားရေး အတွေ့အကြုံ ရင့်ကျက်သော ဆရာကြီး ဆရာမကြီးများက တစ်ဘာသာလျှင် (၃)ဦးစီဖြင့် ထိထိရောက်ရောက် လေ့ကျင့်သင်ကြားပေးပါသည်။
အထက်တန်း ကျောင်းသား /သူများအား M.A, M.Sc, M.Res ဘွဲ့ရ သင်ကြားရေးနည်းပြ ဆရာ/ဆရာမ(Guides)များ ၊ အတန်းပိုင် ဆရာ/ဆရာမ များဖြင့် လေ့ကျင့်စစ်ဆေးမှုများ နေ့စဉ် ပြုလုပ်ပေးပါသည်။
Day School တက်ရောက်သော ကျောင်းသား /သူများ အတွက် Night Study Classes များ ဖွင့်လှစ်ထားရှိပြီး ထပ်ဆောင်း လေ့ကျင့် သင်ကြားပေးခြင်းများ မလိုအပ်အောင် စီမံထားရှိပါသည်။
Computer ကို ကျွမ်းကျင်စွာသုံးတတ်စေရန် ကျောင်းသား /သူ တစ်ဦးလျှင် Computer တစ်လုံးစီဖြင့် ကျွမ်းကျင်သော ဆရာ ဆရာမများမှ သင်ကြားလေ့ကျင့်ပေး နေပါသည်။

















