Admissions

ထိရောက်သော သင်ကြားရေးစံနစ် ရရှိစေရန် အလယ်တန်း အထက်တန်း စာသင်ခန်းများတွင် ကျောင်းသား /သူ ၃၅ ဦးထက်မပိုသော စာသင်ခန်း၊ မူလတန်းတွင် ၂၅ ဦးထက် မပိုသော စာသင်ခန်းများ ရှိပါသည်။

တက္ကသိုလ်ဝင်တန်းတွင် သင်ကြားရေး အတွေ့အကြုံ ရင့်ကျက်သော ဆရာကြီး ဆရာမကြီးများက တစ်ဘာသာလျှင် (၃)ဦးစီဖြင့် ထိထိရောက်ရောက် လေ့ကျင့်သင်ကြားပေးပါသည်။

အထက်တန်း ကျောင်းသား /သူများအား M.A, M.Sc, M.Res ဘွဲ့ရ သင်ကြားရေးနည်းပြ ဆရာ/ဆရာမ(Guides)များ ၊ အတန်းပိုင် ဆရာ/ဆရာမ များဖြင့် လေ့ကျင့်စစ်ဆေးမှုများ နေ့စဉ် ပြုလုပ်ပေးပါသည်။

Day School တက်ရောက်သော ကျောင်းသား /သူများ အတွက် Night Study Classes များ ဖွင့်လှစ်ထားရှိပြီး ထပ်ဆောင်း လေ့ကျင့် သင်ကြားပေးခြင်းများ မလိုအပ်အောင် စီမံထားရှိပါသည်။

Computer ကို ကျွမ်းကျင်စွာသုံးတတ်စေရန် ကျောင်းသား /သူ တစ်ဦးလျှင် Computer တစ်လုံးစီဖြင့် ကျွမ်းကျင်သော ဆရာ ဆရာမများမှ သင်ကြားလေ့ကျင့်ပေး နေပါသည်။

ပန်းချီ ကို ယဉ်ကျေးမှု တက္ကသိုလ်ကျောင်းဆင်း ဆရာဆရာမများဖြင့် စံနစ်တကျ လေ့ကျင့် သင်ကြားပေးပါသည်။

STEAM ဘာသာရပ်များကို အပိုဆောင်းဘာသာရပ်အဖြစ် သင်ကြားလေ့ကျင့်ပေးနေသောကျောင်း ဖြစ်ပါသည်။

English Four Skills ကို Starter,Mover,Flyers သင်ရိုးများဖြင့် သင်ကြားလေ့ကျင့်ပေးပါသည်။

International School များနှင့်တန်းတူ ထပ်ဆောင်းဘာသာရပ်များကို ပြည့်စုံစွာ သင်ကြားလေ့ကျင့်ပေးနေသော Smart School ဖြစ်ပါသည်။

English Proficiency အတွက် Local Language Teacher and Native Speakers (American)  ဖြင့် သင်ကြားလေ့ကျင့်ပေးနေပါသည်။