
ကျန်းမာရေးနှင့် ညီညွတ်စေရန် သန့်ရှင်းလတ်ဆတ်သော အစားအသောက်များကို လူမျိုးမရွေး ဘာသာမရွေး စားသုံးနိုင်အောင် ကျွမ်းကျင်သော စားဖိုမှူးများမှ ချက်ပြုတ်ပါသည်။
မနက်စာ နေ့စာနှင့် ညစာများကို အကောင်းဆုံးနှင့် အာဟာရ ပြည့်ဝအောင် စီမံချက်ပြုတ်ကျွေးမွေးပါသည်။
ကျောင်းသား /သူ သီးသန့်အဆောင်များခွဲပြီး လုံခြုံသော ပတ်ဝန်းကျင်တွင် အေးအေးချမ်းချမ်း နေထိုင်နိုင်အောင် စီမံထားပါသည်။
ကျောင်းအကြို/အပို့ အတွက် သက်တောင့်သက်သာဖြစ်စေမည့် ကျောင်းကားများ ပြည့်စုံအောင်စီမံ ထားရှိပါသည်။
ကျန်းမာရေးအတွက် ပြည့်စုံကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် စီစဉ်ထားရှိပါသည်။