SERVICE
လေ့ကျင့်ရေး
သူငယ်တန်း မှ အဠမတန်းထိ ကျောင်းသားကျောင်းသူများအား အခြေခံကောင်းများရရှိစေရန်အတွက် အတွေ့အကြုံရှိ ၀ါရင့်ဆရာကြီးများဖြင့်တစ်ဘာသာတစ်ယောက်နှုန်း ထိထိရောက်ရောက် အခြေခံကောင်းများရ အောင် သင်ကြားပေးပါသည်။Englishနှင့် သချာင်္ ၁-ဘာသာ ဆရာ၊ ဆရာမ(၂)ယောက်နှုန်းဖြင့် ထိထိရောက် ရောက်သင်ကြားလေ့ကျင့်ပေးပါသည်။Grade(10) & Grade(11) ကျောင်းသား/ကျောင်းသူများကို M.sc , M.res, B.E, M.E ဘွဲ့ရထူးချွန်စိတ်ရှည်ပြီး လေ့ကျင့်ထားသော Guide ဆရာ/ဆရာမများပြည့်ပြည့်စုံစုံဖြင့်လေ့ ကျင့်သင်ကြားပေးပြီး တတ်မြောက်မှုများကို
နေ့စဉ် (1) Turotials
(2) Achievement tests
လစဉ် (3) Pilot tests
(4) Series အဆင့်ဆင့်စစ်ဆေး၍မှတ်တမ်းတင်ပါမည်။လေ့ကျင့် ပေးမှုတွင် ဉာဏ်ရည်တူကလေးများ အုပ်စုခွဲ၍ လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။October လမှ စ၍ Revision များကို(၁၀၀)မှတ်ဖိုး series ဖြင့်စနစ်တကျစစ်ဆေးအကဲဖြတ်၍ လေ့ကျင့်ပေးမည်ဖြစ်သည်။
နဝမတန်းကျောင်းသား/သူများအတွက် အထူးအစီအစဉ်အနေဖြင့် နောင်လာမည့်နှစ်ဒသမတန်းအ တွက် စိတ်ပင်ပန်းမှုမရှိစေဘဲ ပေ့ါပေ့ါပါးပါးနှင့် နှစ်ချင်းပေါက်အောင်မြင်စေရန်၊ ဉာဏ်ရည်ထက်မြတ်သူများအား ဂုဏ်ထူးများဖြင့်ထူးထူးချွန်ချွန်အောင်မြင်စေရန်ရည်မှန်း၍ နဝမတန်းသင်ရိုးကုန်နှင့်အတူပူးတွဲကာ ဒသမတန်း သင်ခန်းစာများပါ စာသင်နှစ်အစမှအဆုံးထိ စခန်းသွင်းလေ့ကျင့်သင်ကြားပေးခြင်းအစီအစဉ်ကို(၂၀၁၀-၂၀၁၁) ပညာသင်နှစ်မှစတင်ထားပါသည်။
ဝတ်စားဆင်ယင်မှု
စာသင်ခန်း၊ စာကျက်ခန်းအတွင်း သတ်မှတ် Uniforms များသာဝတ်ဆင်ရမည်ဖြစ်သည်။အဝတ်အစားများအား ဒိုဘီတစ်ရက်လျှင်(၃)ထည်နှုန်းအပ်နိုင် ဒိုဘီခတစ်လ(၂၅၀၀၀)ကျပ် ပေးဆောင်ရမည်ဖြစ်သည်။ထပ်မံအပ်လိုပါ ကအချိုသာဆုံးသောစျေးနှုန်းဖြင့် စီစဉ်ထားရှိပေးပါသည်။အိပ်ယာခင်း၊ ခေါင်းအုံးစွပ်များ တစ်ပတ်တစ်ခါလျှော် ပေးပြီးခြင်ထောင်ကို တစ်လတစ်ခါလျှော်ပေးပါသည်။
အစားအသောက် ကျွေးမွေးမှုအစီအစဉ်

ကျန်းမာရေးနှင့် ညီညွတ်စေရန် သန့်ရှင်းလတ်ဆတ်သော အစားအသောက်များကို လူမျိုးမရွေး ဘာသာမရွေး စားသုံးနိုင်အောင် ကျွမ်းကျင်သော စားဖိုမှူးများမှ ချက်ပြုတ်ပါသည်။
မနက်စာ နေ့စာနှင့် ညစာများကို အကောင်းဆုံးနှင့် အာဟာရ ပြည့်ဝအောင် စီမံချက်ပြုတ်ကျွေးမွေးပါသည်။
ကျောင်းအကြိုအပို့

ကျောင်းအကြို/အပို့ အတွက် သက်တောင့်သက်သာဖြစ်စေမည့် ကျောင်းကားများ ပြည့်စုံအောင်စီမံ ထားရှိပါသည်။
ကျန်းမာရေးစောင့်ရှောက်မှု
သာမန် နေမကောင်းခြင်းများအား "အဆောင်မိသားစုဆရာဝန်များ"ထံတွင် ပြသပေးပြီး၊ မိဘများအား အသိပေးပါသည်။လိုအပ်ပါက မိဘထံသို့ပြန်လည်ပို့ဆောင်၍ ကုသမှု ခံယူစေပါသည်။
ကျန်းမာရေးအတွက် ပြည့်စုံကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် စီစဉ်ထားရှိပါသည်။
အပန်းဖြေအနားယူမှု
အပတ်စဉ် တနင်္ဂနွေနေ့ တွင် ပဥ္စမတန်းမှ နဝမတန်းကိုတစ်နှစ်ပတ်လုံးနားရက်ခွင့်ပြုထားပါသည်။တီဗွီ၊ ဒီဗွီဒီများကြည့်ခြင်း၊ သီချင်းဆိုခြင်း၊ ကစားခြင်းများကိုခွင့်ပြုထားပါသည်။ဒသမတန်းအား သီတင်းကျွတ်နောက် ပိုင်းတွင် တနင်္ဂနွေနေ့နားရက် ပိတ်၍ စာသင်ကြားလေ့ကျင့်ပါသည်။
ကျေုာင်းသားများ စိတ်ဖိစီးမှုမရှိစေရန် ကျန်းမာ ကြံခိုင်စေရန် တနင်္ဂနွေနေ့တွင် ဘောလုံးကန်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ စားပွဲတင်တင်းနစ် ကစားခြင်းများမှကြိုက်နှစ်သက်ရာကစားနိုင်အောင်စီစဉ်ထားရသည်။ Family Entertainment ကိုနားနေချိန်တွင် ကြည့်ရှုခွင့်ပြုထားပါသည်။အစိုးရ ရုံးပိတ် ရက်များတွင်အနားယူခွင့် ပြုထားပါသည်။အစိုးရရုံးပိတ်ရက်များတွင် မြို့တွင်းမြို့ပြင် Excursion Trip များ အစီအစဉ် ထားရှိပါသည်။ အောက်တိုဘာကျောင်းပိတ်ရက်တွင် မိဘထံသို့(၁၀)ရက် အိမ်ပြန်ခွင့်ပြုထားပါသည်။ဒီဇင်ဘာကျောင်းပိတ်ရက် တွင် ဒသမတန်း၊အဠမတန်း၊စတုတ္ထတန်း၊ကျောင်းသား/သူများမှလွဲ၍ ကျန်ကျောင်းသား/သူအားလုံးအိမ်ပြန်ခွင့် ပြုထားသည်။အောက်တိုဘာ ကျောင်းပိတ်ရက် မတိုင်မီလေ့လာရေး(၅)ရက် ခရီးရှည်တစ်ခုသွားရန် စီစဉ်ထားရှိ သည်။ဒသမတန်းကလေးများအားညအိပ်ချိန်အနည်းဆုံး(၆)နာရီ၊နေ့လည်(၁)နာရီ အနားယူချိန်ပေးပြီး၊ ၉တန်း၊ ၈တန်း၊ ရတန်း၊ ၆တန်း၊ ၅တန်း ကလေးများအားညအိပ်ချိန်(၇)နာရီနှင့်နေ့လည်အနားယူချိန်(၂)နာရီသတ်မှတ် ပေးထားပါသည်။
ဧည့်တွေချိန်ကို ပုံမှန်တနင်္ဂနွေ ညနေ(၄)နာရီမှ(၆)နာရီအထိ မိဘ၊ အုပ်ထိန်းသူများနှင့်တွေ့ဆုံခွင့်ပေး ထားပါသည်။စာသင်ချိန်ပြင်ပတွင်မိဘ/အုပ်ထိန်းသူများနှင့် တယ်လီဖုန်းဆက်သွယ် ပြောဆိုလခွင့်ပြုထားပါ သည်။
နေထိုင်မှု
ကျောင်းသား /သူ သီးသန့်အဆောင်များခွဲပြီး လုံခြုံသော ပတ်ဝန်းကျင်တွင် အေးအေးချမ်းချမ်း နေထိုင်နိုင်အောင် စီမံထားပါသည်။ ကျောင်းသား/သူအား သန့်ရှင်းကျယ်ဝန်းပြီး လုံခြုံသော ပတ်ဝန်းကျင်တွင် ကုတင်တစ်လုံး၊ စာကြည့် စားပွဲပါ Locker တစ်လုံးစီဖြင့်ထား၍၊ တစ်ပတ်တစ်ခါ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်များ လဲလှယ်ပေးခြင်း၊ တစ်နေ့ လျှင်(၂)ကြိမ်အခန်းများ သန့်ရှင်းရေး ပြုလုပ်ပေးပါသည်။